(အပိုင်း၎)
တိုက်ပွဲ …
အတ္တ,မာနတို့ဖြင့်
အသက်နှင့်အသက်ကိုအရင်းပြုကာ အနိုင်အရှုံးဆုံးဖြတ်မည့် တိုက်ပွဲ။
သေချာသည်ကတော့ မနိုင်သူက ရှုံးပေလိမ့်မည်။
ကျန်းစန်းရှောင်၏ အော်သံကြောင့် ကိုယ်ရံတော်သိုင်းသမားတစ်ချို့မှာ စိတ်လွတ်ကိုယ်လွတ်မူးမှောက်ကာနေလင့်ကစား သိုင်းသမားပီပီ ဖျတ်လတ်စွာ နှိုးထလာကြပြီး အမြဲတမ်း ကိုယ်နှင့်မကွာ
ထားရှိသည့်လက်နက်ကြီးငယ်များကို ဆွဲထုတ်လိုက်ကြပြီး သံယောင်လိုက်၍ ပါးစပ်မှလည်း တစ်ယောက်တစ်ပေါက် ကြုံးဝါးလိုက်ကြလေသည်။
"တိုက်ဟေ့ …
ရန်သူတွေကို အမြစ်ဖြုတ်ပစ် …"
"ချကွာ …
ဒီကောင်တွေ သေသင့်တာ ကြာပြီ …"
"ခွေးသားတွေကို အသေသတ်…"
"ဟိုက်စ် …ယားးစ်
ယိစ် …
ဝုန်းး … ဝုန်း … "
ဤသို့ဖြင့် တိတ်ဆိတ်သော အကာလအခါကြီးဝယ် မြစိမ်းရောင်တောအုပ်အတွင်း၌ သရဲသဘက်စီးသည့်နှယ် အသံနက်ကြီးများဖြင့် အပြန်အလှန် ကြုံးဝါးအော်ဟစ်ကာ လရောင်ဆမ်း၍ပင် မလှမပ,အကျည်းတန်လှသော သွေးချောင်းစီးတိုက်ပွဲတစ်ခုကား အရှိန်အဟုန်ပြင်းစွာ ဖြစ်ပေါ်လာပေတော့သည်။
"ဟိတ် …
ဖြောင်း … ဖြောင်း … ဖြောင်း
ဘုန်း … ဘုန်း …"
"အားး …
အမယ်လေးး … "
"တိုက် …
အကုန်လုံးကို ငရဲပြည်ပို့ပစ် …"
နတ်ဓားပျံအုပ်စု၏ ပင်မ တိုက်ပွဲဝင်သူရဲကောင်းကား ကျန်းစန်းရှောင်သာ ဖြစ်ပေသည်။
မှန်၏ …ကျန်းစန်းရှောင်သည် နတ်ဓားပျံဟူသော ဝိသေသနှင့်အညီ
ဓါးရှည်တစ်လက်ကို ညာလက်ဖြင့်ကိုင်ဆွဲကာ ရန်သူများ၏ တိုက်ကွက်ကို ခုခံလျက်ရှိပြီး …
ဘယ်ဘက်မှ လက်နက်ပုန်းဓားပျံလေးများဖြင့်၎င်း … လက်ဝါးရိုက်ချက်များဖြင့်၎င်း …
ထိုးဖောက်တိုက်ခိုက်လျက်ရှိရာ သူထိုးဖောက်လာရာ ရန်သူ၏ အလယ်လမ်းကြောင်းကား ဆင်သွားရာ လမ်းဖြစ်… ဆိုသကဲ့သို့ပင်။
ဤ၌ ထူးခြားသည်ကား
ကျန်းစန်းရှောင်၏ သိုင်းပညာမှာ ရန်သူများထက် ပို၍ မမြှင့်မားခြင်းပင် ဖြစ်၏။ ထိုကဲ့သို့ အဆင့်မကွာလှသော ရန်သူအုပ်စုတွင်းသို့ လေမုန်တိုင်းနှယ် ဝင်ရောက်တိုက်ခိုက်နိုင်သည်ကား အဘယ့်ကြောင့်နည်း။
ထပ်၍ ရှင်းပါအံ့ …
ဤအရာမှာ အရေးကြုံသော် ကိုယ့်အသက်ကိုပင် မငဲ့ကွက်ပဲ
ခေါင်းဆောင်တစ်ယောက်၏ အရည်အချင်းနှင့် ဇနီးနှင့်သားအတွက် …ဟူသော အိမ်ထောင်ဦးစီးကောင်းတစ်ယောက်၏ ဂုဏ်အင်ပင် ဖြစ်ပေတော့သည်။
ဤတွင် ကျန်းစန်းရှောင်၏ ခေါင်းဆောင်ကောင်းမှုကြောင့် ရန်သူတို့မှာ စတင်တိုက်ခိုက်ရန် ချဉ်းကပ်လာခဲ့သည်မှာ မှန်သော်လည်း ဦးစွာ တိုက်ခိုက်ခဲ့သည်မှာ နတ်ဓားပျံအုပ်စုသာ ဖြစ်၍ ရန်သူများ စုစုစည်းစည်းမဖြစ်နိုင်သေးချိန် ကျန်းစန်းရှောင်၏ အသက်ကိုပင်မငဲ့သော တိုက်ခိုက်မှုကြောင့် အရေးသာနေသော်လည်း သားဖြစ်သူကျန်းစန်းမင်လေးနှင့်မိုးထိတောင်ပေါ်သို့ ထွက်ပြေးလာသူ ဖန်းရှောက်သည်ကား ………
ရန်သူခေါင်းဆောင်မှာ မိုးထိတောင်ပေါ်တွင် နတ်ဓားပျံကျန်းစန်းရှောင်၏ ဆရာရှိသည်ဟူ၍ သိထားသောကြောင့် အခြေအနေစောင့်ကြည့်ရန် ညွန်းကြားခံထားသဖြင့် ကင်းသမား ၃ယောက်နှင့် ဖန်းရှောက်မှာ ထိပ်တိုက်တိုးသွားခြင်း ဖြစ်သည်။
၃ယောက် ၁ယောက်တိုက်ပွဲကား … တစ်ဖတ်သက်ဆန်လွန်းလှသည်။
ကျန်းစန်းမင်လေးကို ကျောတွင်ပိုးထားရသဖြင့် ဖန်ရှောက်၏ အားနည်းချက်မှာ ထင်ရှားလွန်းရကား ရန်သူ၃ယောက်၏ ဓားချက်တို့သည် ဖန်းရှောက်၏ ကျောပြင်သို့သာ အညှာတာကင်းမဲ့စွာ ကျရောက်နေလေတော့သည်။
"ဝှစ် … ဝှစ် …
ထန် … ထန် …
ဟူးး …"
ဖန်းရှောက် အပြင်းအထန်ခုခံရင်း ကိုယ်ဖော့ပညာကိုသုံးကာ မြန်နိုင်သမျှ မြန်အောင် ရွေ့လျားနေ၏။ သူ၏ ဓားချက်မှာ ရှင်းသည်။ ရှောင်တိမ်းရင်း ပြေးပေါက်ရှာရမည်ဖြစ်၍ အားမာန်တော့ သိပ်မပါလှ။ သို့သော် အဓိက,သေကွင်းသေကွက်ကိုသာ တိုက်ရိုက်ထောက်ဓားချက်များဖြစ်သဖြင့် ရန်သူများ ပေါ့ဆ၍တော့ မရချေ။
ဤတွင် ဖန်းရှောက်သည် နတ်ဓါးပျံစံအိမ်၏ ကိုယ်ရံတော်အမှတ်တစ် …
ကိုယ်ရံတော်များထဲတွင် သိုင်းပညာ အကောင်းဆုံး …ဟူသော အရည်အချင်းသည် တိုက်ကွက်နှစ်ဆယ်ကျော်ဟူသော အချိန်အတိုင်းအတာ၌ ပေါ်လွင်လာပြီ ဖြစ်သည်။ ရန်သူ၏တိုက်ကွက်ကို ဖန်းရှောက်နားလည်စ ပြုလေပြီ။ ဤသည်ကပင် သူ၏ ပညာခန်းအစ •••••
ဖန်းရှောက်ခန္ဓာကိုယ်ကို ရွေ့လျားရင်းမှ သိုင်းအား အပျော့ဆုံးဟု … ယူဆရသည့် ညာအစွန်မျှ လူအား ကျောပေးကာ ဘယ်ဘက်မှ ရန်သူထံသို့ လျက်တပြတ်တိုးကပ်လိုက်ပြီး … အတွင်းအားအပြည့်ပါသည့် ဓါးချက် ၃ချက်ကို ရန်သူ၏လည်ပင်း …
ရင်ဘတ်… ဝမ်းဗိုက်ဆီသို့ ထိုးသွင်းလိုက်ရာ ထိုရန်သူမှာ နောက်သို့ခုန်အဆုတ် ဖန်းရှောက် ညာခြေကို ရှေ့သို့တစ်လှမ်းတက်လိုက်ပြီး မျှော်လင့်ထားသည့်အတိုင်း ညာဘက်အစွန်မှ ရန်သူမှ ဟာကွက်ကြီးကြီးမားမားပေါ်နေသည့် မိမိ၏ ကျောပြင်အား ထိုးချလာချိန်၌ တက်ထားသည့် ညာခြေကိုပင် ပတ်လည်ဝိုက်ကာ ကိုယ်ကိုယ် လှည့်လိုက်ပြီး ထိုင်ချကာ ဓါးချက်နှင့်အတူ ရှေ့သို့အနည်းငယ် ငိုက်လာသည့် ရန်သူ့ရင်ဝအား ပင့်ဓါးတစ်ချက် ထိထိမိမိပစ်သွင်းလိုက်လေရာ ••••
"ဟူး … ဟူး …
ဝှစ် ဝှစ် ဝှစ် …
ဝှမ်းးး
No comments:
Post a Comment