နေမင်းသခင်နှင့်သေမင်းဧကရာဇ် ၁၂
စာရေးသူ.သန့်ဇင်ထွန်း
နောက်တစ်ကြိမ်တွေ့ဆုံမှု..
ပြေး....
ပင်းရွယ်က ပြေးဟုသော စကားတစ်ခွန်းထဲပြောကာ စန်မင်း၏ လက်ကိုဆွဲကို ကိုယ့်ဖော့ပညာသုံး၍ မြို့ပြင်သို့ပြေးလေ၏
ဘာမှမသိသော စန်မင်းက ကြောင်တောင်တောင်ဖြင့်သာ သူမ နောက်သို့ပြေးလိုက်ရပေသည်..
နောက်မှ သိုင်းသမားဝတ်စုံနှင့် လူငါးယောက်ကလည်း ကိုယ့်ဖော့ပညာသုံး၍ ပြေးလိုက်လာသည်။
ရှေ့မှဦးဆောင်ပြေးလွှားနေသော သူမ အား
စန်မင်းကြည့်လိုက်သည် အနိမ့်အမြင့်လှုပ်ရှားနေသော ခန္တာကိုယ်အသားစိုင်များမှာ သူမ အား
နတ်မိမယ်အဖြစ် မြင်စေ၏
သူ့အတွက်တော့ ယခုအချိန်အတွင်ပြောစရာ
စကားတစ်ခွန်းသာ ရှိသည်..ထိုအရာက ငေးလို့ မဝခြင်း.....
နောက်က လူငါးယောက်နှင့် သူတို့၏ အကွာအဝေးက နီးသထက် နီးလာပေသည်
စန်မင်း က သူမ ကို ငေးနေခြင်းအားရပ်တန့်လိုက်ပြီး အတွင်းအားကို ခန္တာကိုယ်အနှံဖြန့်ကျက်လိုက်လေတော့သည်။
ပင်းရွယ် အံကိုကြိတ်လိုက်သည်။
ဤ တဏှားရူးလေးက ပြေးလွှားနေရင်းပင်
သူမအား၏ အသားစိုင်များကို ငမ်းနေနိုင်သေသည်..ဘယ်လောက် စိတ်တိုစရာကောင်းလိုက်လဲလို့ သူမက အသက်ဖြင့်လုပြေးနေရသည်ကို.
သူမသာ သိလေသည်..
နောက်မှ လိုက်လာသော သိုင်းသမားငါးယောက်မှာ သူမ ပြန်တိုက်နိုင်သော အဆင့်မဟုတ်ချေ ငါးယောက်လုံးပင် မပြောနှင့် တစ်ယောက်ချင်းလျှင်ပင် သူမ အား တစ်ကွက်နှစ်ကွက်ဖြင့် နိဗ္ဗာန်ပို့ ပေးနိုင်လေသည်။
ခြေထောက်ဆီသို့ အတွင်းအားများ ပို၍ စီးဆင်းစေလိုက်သည် ။ သို့ သော် တစ်စုံတစ်ယောက်၏ ပွေ့ချီခြင်းအား ခံလိုက်ရသည်.
စန်မင်းက သူမအား ပွေ့ချီ၍ ပြေးနေခြင်းဖြစ်ပေတော့သည်။ ယခု ပြေးလွှားရချိန်တွင်
တိမ်လွှာလေဆန် ကိုယ့်ဖော့ပညာမှာ အမှန်တကယ် အသုံးဝင်လှပေသည်
မြန်ဆန်မှု မှာ အံဖွယ်ပင်
ပုံရိပ်ယောင်များပင် ထင်ဟပ်နေလေသည်။
သူမ အားပွေ့ချီ၍ ပြေးရခြင်းအား စန်မင်း တကယ်နှစ်သက်လေသည်။
ပင်းရွယ်၏မျက်နှာများလဲ ရဲရဲနီလေသည်
တစ်သက်နှင့်တစ်ကိုယ် အထိအတွေ့ မရှိဖူးသောသူမ အား ပွေ့ချီပြေးလွှာနေသော ထိုကောင်လေးအား ထုရိုက်ချင်နေလေသည်
သို့သော် စိတ်သွားတိုင်ကိုယ်မပါနိုင်ပါချေ
စန်မင်း၏ ကိုယ့်ဖော့ပညာ ထိပ်တန်းအဆင့်ပင်
မြန်ဆန်မှု မှာ သူမ အံသြရသည်
ဤ အသက်အရွယ်ဖြင့် ထိုအမြန်နှုန်းမှာ ပြိုင်စံရှား ဟုသော စကားနှင့် မလုံလောက်နိုင်ချေ..
လေတိုးမှုများ နှင့် ပို၍ပူးကပ်လာသောကြောင့်
သူမ သည်းမခံနိုင်တော့ပဲ စန်မင်းအား ရပ်ခိုင်းလိုက်လေသည်
သိုင်းသမား ငါးယောက်လဲ ပြတ်ကျန်ခဲ့ပြီမဟုတ်ပါလား..
စန်မင်း သူမအားပွေ့ချီထားခြင်းမှ မြေကြီးပေါ်သို့ချပေးလိုက်သည်..
ပင်းရွယ်က အရှက်သည်းနေသော မျက်နှာဖြင့်
စန်မင်းကြည့်လိုက်လျှင် ပြုံးစိစိ ဖြင့်သူမအား
ကြည့်နေသည်ကို တွေ့ရသည်မှာ ဒေါသထွက်သဖြင့်
"အခွင့်အရေးယူတာ ယောကျာ်းကောင်းတွေရဲ့ လုပ်ရပ် မဟုတ်ဘူး"..ဟု ပြောလိုက်သည်..
ဟုတ်တယ်" အဲ့ဒီကောင် ယောကျာ်းကောင်းမဟုတ်ဘူး...
ပင်းရွယ်၏ စကားကို ထောက်ခံလိုက်သူကား
တစ်ခြားမဟုတ်ချေ...
အလှနတ်သမီး ကျောက်စိမ်းသခင်မလေး စုချင်လျှံပင် ဖြစ်ချေတော့သည်..။

No comments:
Post a Comment