Friday, July 19, 2019
နေမင်းသခင်နှင့်သေမင်းဧကရာဇ် (အပိုင်း ၁၃)
နေမင်းသခင်​နှင့်​ ​သေမင်းဧကရာဇ်​ အပိုင်း ၁၃
စာ​ရေးသူ သန်​ဇင်​ထွန်း
ကျောက်​စိမ်းနန်း​တော်​နှင့်​ အတိတ်​မှအမည်းစက်​များ...
ကျောက်​စိမ်းနန်း​တော်​...
ကျောက်​စိမ်းခန်းမထဲတွင်​ အဘိုးအိုတစ်​ဦးက
ခန်းမအပြင်​ဘက်​သို့ ရီ​ဝေမျက်​လုံးများဖြင့်​​ငေး​မော​နေ​လေသည်​။
     အတိတ်​....
  လူသားတိုင်း အတိတ်​ရှိကြ​ပေသည်
သူ၏အတိတ်​၌
မုယုံကျဲ ၏ လက်​​အောက်​တွင်​တာဝန်​များထမ်း​ဆောင်​ရင်း အဖြူ​ရောင်​သိုင်း​လောက ၏အသက်​​ပေါင်းများစွာ ​ခြွေဖူးခဲ့သူဖြစ်​ခဲ့သည်​။
 မုယုံကျဲ လက်​​အောင်​တွင်​ ဘယ်​လက်​ရုံး ညာလက်​ရုံးရှိဆို၍ လက်​ရုံးနှစ်​ဆူရှိခဲ့​သော​ကြောင့်
မုယုံကျဲ ​ပျောက်​ကွယ်​သွားချိန်​တွင်​ ​သေမင်းဧကရာဇ်​ သိုင်းကျမ်းနှင့်​ ​သေမင်းအဖျက်​သိုင်းကျမ်းဟု​သော မိစ္ဆာသိုင်းကျမ်းနှစ်​ဆူအား
ခွဲ​ဝေယူခဲ့​လေသည်
သေမင်းအဖျက်​သိုင်းကျမ်းသာကျန်​ခဲ့​လေ၏
  ထို​ကြောင့်​ ​သေမင်းအဖျက်​သိုင်းကျမ်းအား
တတ်​​မြှောက်​​အောင်​သင်​ယူပြီး ​ကျောက်​စိမ်းနန်း​တော်​ ထူ​ထောင်​ကာဇာတ်​မြုတ်​​နေခဲ့ခြင်းပင်
 ယခုအချိန်​တွင်​ ​သေမင်းဧကရာဇ်​သိုင်းကျမ်းကား ​ပေါ်ထွက်​လာ​ချေပြီ....သိုင်း​လောက၌
သေမင်းဧကရာဇ်​သိုင်းအား​ချေဖျက်​နိုင်​​သော
သိုင်းမှာ ​သေမင်းအဖျက်​သိုင်းသာ ရှိ​လေသည်
မိမိ၏ အမှားများအား​ဆေး​ကြောရန်​အခွင့်​အ​ရေး ရှိ​နေပြီဖြစ်​​လေသည်
 သို့​သော်​ ​သေတူရှင်​မကွာ လက်​တွဲဖူးခဲ့​သော
ဘယ်​လက်​ရုံးနှင့်​ တိုက်​ခိုက်​ရမည့်​ဖြစ်​​သော​ကြောင့်​ ဝန်​​လေး​နေမိပြန်​​လေသည်​....
  ...
  ဂန်​ကျင်း..က ​လေးပင်းစွာ သက်​ပြင်းချပြီ​နောက်​..ကိုယ်​ရံ​တော်​ တစ်​ဦးအား ​ခေါ်လိုက်​ပြီး
စကားလုံးတစ်​ချို့ ​ပြောလိုက်​​လေသည်​..
 ကိုယ်​​ရံ​တော်​က ..ဂန်​ကျင်းစကားဆုံးသည်​နှင့်​ ဂန်​ကျင်းအား အရိုအ​သေပြုကာ နန်း​တော်​အပြင်​ဘက်​သို့ ​ပြေးလွှားထွက်​ခွာသွား​လေ​တော့သည်​..
  ဂန်​ကျင်း​ပြောလိုက်​သည်​ကား....
စုချင်​လျှံ အား ပြန်​​ခေါ်ခိုင်းလိုက်​ခြင်းဖြစ်​​လေသည်
ဟုတ်​​ပေသည်​..
သူ၏ အကြီးအကဲ တစ်​အား သိုင်း​လောကထဲဆင်း၍ သဏ္ဍာန်​မဲ့​မြွေကို ရှာခိုင်းလိုက်​ရာတွင်
သမီးဖြစ်​သူ စုချင်​လျှံ ကအ​တွေ့အကြုံရ​အောင်
လိုက်​ချင်​သည်​ဟု အတင်းအကျပ်​ပူဆာသဖြင့်
ထည့်​​ပေးလိုက်​ရခြင်းဖြစ်​​ပေသည်​....
.................
သေမင်းတမာန်​ ဂိုဏ်း၏ ယခုဂိုဏ်းချုပ်​မှာ
တုန်​ပု​လောက်​ပင်​ဖြစ်​​ချေ၏..
သူ့နာမည်​က ​နေမင်းသခင်​လို့လဲ သိရပါတယ်
သူနဲ့အတူ ​ရှောင်​ဧကရီ ရဲ့ သမီး ​ရှောင်​ပင်းရွယ်​ လဲ အတူတူရှိ​နေပါတယ်​....
  တုန်​ပု​လောက်​က ဂိုဏ်းသားတင်​ပြ​သော သတင်းအချက်​များကို နား​ထောင်​ကာ ​ခေါင်းငြိမ့်​ပြပြီး.....ထွက်​သွားခိုင်းလိုက်​သည်​..
 ...................................
သိုင်း​လောက သည်​ကား
ငြိမ်​သက်​​လေသည်​ ထိုသည်​ကားမုန်​တိုင်းမလာခင်​ ငြိမ်​သက်​ခြင်းမျိုးဖြစ်​​ကြောင်း သိုင်း​လောကသားတိုင်း သိကြ​လေသည်​..
  အဘယ်​​ကြောင့်​ ဆို​သော်​ ​သေမင်းတမာန်​ ဂိုဏ်းသည်​ကား ပြန်​လည်​​ပေါ်ထွက်​လာ​ပြီး
  ဒုစရိုက်​ဂိုဏ်းငယ်​များအား သိမ်းသွင်း​နေ​လေပြီ
 များမကြာမှီ​သော အချိန်​များတွင်​ သိုင်း​လောကကြီးတွင်​ ​သွေး​ချောင်းစီးကြရမည်​​လော သို့​လော သို့​လော ​မေးခွန်းများအား ​ဖြေဆိုရန်​အတွက်​ သိုင်းဂိုဏ်းကြီးများ ဖြစ်​​သော ​ရှောင်​လင်​ ဝူတန်း ခွန်းလွန်း ဝါးဆန်း ​အော့​မေ ဂိုဏ်းမှ ဂိုဏ်းချုပ်​ကြီးများကား အစည်းအ​ဝေး ပြုလုပ်​​နေကြ​လေ​တော့သည်
No comments:
Post a Comment
နေမင်းသခင်နှင့်သေမင်းဧကရာဇ် (အပိုင်း ၁၃)
နေမင်းသခင်​နှင့်​ ​သေမင်းဧကရာဇ်​ အပိုင်း ၁၃ စာ​ရေးသူ သန်​ဇင်​ထွန်း ​ကျောက်​စိမ်းနန်း​တော်​နှင့်​ အတိတ်​မှအမည်းစက်​များ... ​​ကျေ...