Friday, July 19, 2019
#နေမင်းသခင်နှင့်သေမင်းဧကရာဇ် (အပိုင်း ၁၁)
ဟန်​ကျူးမြို့တွင်​ ကြံပျံမကျ​လောက်​​အောင်​ စည်​ကားလှ​သော ​ဈေးကြီးထဲတွင်​ဖြစ်​​လေသည်​။
ခြေဦးတည့်​ရာ​လျှောက်​လာ​သော ကျန်းစန်​မင်းမှာ ဟန်​ကျူးမြို့ ​ဈေးထဲသို့​​ယောင်​ချာချာ​ရောက်​လာ​လေသည်​..
    ဤမြို့ကြီးသည်​ကား ​တောင်​​ပေါ်တွင်​ကြီးပြင်းလာ​သော စန်​မင်း အတွက်​အမှန်​တကယ်​စည်​ကားလှ​လေသည်​။
   အဖိုး၏ ​ပြောစကားအရ မြို့ကြီးပြကြီးအ​ကြောင်းကြားဖူး​သောလဲ ယခု အမှန်​တကယ်​အံသြ​ရ​လေပြီ..
သူ​ဌေးများ သူ​တောင်းစားများဖြင့်​ လူတန်းစားမျိုးစုံကို​တွေ့မြင်​ရ​လေ၏
  ထို့သို့ ​ငေးရင်း​မောရင်းလမ်း​လျှောက်​လာ​သော
စန်​မင်း မှာ တခြားလူတစ်​​ယောက်​အားဝင်​တိုက်​မိ​လေပြီ..
 အွန့်​.. အင့်​..
စန်​မင်းမှာ မိမိ​​ပေါ့ဆမှုအား ကျိတ်​ကာအပြစ်​တင်​လိုက်​​ပြီး ဒီ​လောက်​​ငေး​နေတာ ​တောသားလို့ထင်​ကုန်​​တော့မှာဘဲ ဟု စိတ်​ထဲ​တွေးမိလိုက်​သည်​။
       တဖက်​လူအား ​တောင်းပန်​ဖို့ကြည့်​လိုက်​ရာတွင်​ စန်​မင်း မျက်​လုံးအိမ်​ထဲတွင်​ ပန်း​တွေဖူးပွင့်​ကုန်​​လေပြီး...ဒါ ..နတ်​မိမယ်​ဆိုတာလားဟု
ရေရွတ်​မိလိုက်​သည်
တ​နေ့ထဲနှင့်​ နတ်​သမီး​လေးနှစ်​ယောက်​​တောင်​ ​တွေ့ခွင့်​ရ​သော မိမိကံဇာတာကိုလဲ သ​ဘောကျသွားသည်​...
     ပင်းရွယ်​ မှာ မိမိအား ဝင်​တိုက်​ပြီး မိမိတစ်​ကိုယ်​လုံး ဝါးမြို စား​တော့မလို အငမ်းမရကြည့်​​နေ​သော ​ရှေ့ကသ​ကောင့်​သားကြည့်​မရ​တော့​ချေ
ဒေါသများ တလိပ်​လိပ်​တတ်​ကာ တစ်​ကိုယ်​လုံးတုန်​ခါ​နေ​​တော့သည်​..
    ဒီမှာ တဏှာရူး​ကောင်​ !
ရှင်​အရှက်​မရှိဘူးလား လူ​လည်​​ခေါင်​မှာ မိန်းက​လေး တစ်​​ယောက်​ကို အရသာခံကြည့်​​နေတာ..
အမ်​..ငါ့ကို​ပြော​နေတာလား..
စန်​မင်းမှာ တဖက်​မှ နတ်​သမီး​လေး၏ ​ဒေါသတကြီး ​ပြောစကားများ​ကြောင့်​ မိမိမျက်​လုံးများအားအလုပ်​​ပေး​နေခြင်းအား ရပ်​တန့်​လိုက်​ပြီး ​မေးခွန်းပြန်​ထုတ်​လိုက်​သည်
   ရှင့်​မ​ပြောလို့ ဘယ်​သူ​ပြောရမလဲ တဏှာရူးရဲ့....
ပင်းရွယ်​မှာ ​ဒေါသ​တွေ​ကြောင့်​​​သွေးအန်​​တော့မလို့ပင်​ဖြစ်​​နေ​ချေပြီ
မိမိ ဆရာမက သိုင်းပညာအားကိုးဖြင့်​ အနိုင်​မကျင့်​ရဟု တားမြစ်​ထား၍သာ ရိုက်​မသတ်​မိခြင်းဖြစ်​​ပေ​တော့သည်​။
  စန်​မင်းသည်​လဲ ယခုမှ စိတ်​နဲ့လူနှင့်​ကပ်​​တော့သည်
  အင်း..အဲ..အဲ..မိန်​က​လေး ​တောင်းပန်​ပါတယ်
ကျုပ်​က​တောင်​​ပေါ်က ဆင်းလာတာဆို​တော့
မမြင်​ဖူးလို့ ​ငေး​မိရင်​ မ​တော်​တဆ မိန်းက​လေးကို ဝင်​တိုက်​မိတာပါ..
   စန်​မင်းက ​တောင်းပန်​​နေသည့်​တိုင်​ ပင်းရွယ်​မှာ အမျက်​မ​ပြေ​သေး​ချေ..
  ဒါဆို လူကို ဘာလို့စားမတတ်​ဝါးမတတ်​ကြည်
့​နေတာလဲ..ဟု​မေးခွန်းထပ်​ထုတ်​လိုက်​သည်​.
ဟို..မိန်းက​လေးက အရမ်းလှလို့ပါ.ဟဲဟဲ..
      အ​လျောက်​​ကောင်း​တော့ အ​ထောင်းသက်​သာဆိုသလိုပင်​ ပင်းရွယ်​မှာ အရမ်းလှသည်​ဟုဆို​သော စကား​ကြောင့်​ မျက်​နှာမှာပန်း​ရောင်​သမ်းသွား​လေသည်​။
    ပင်းရွယ်​က စန်​မင်းအားကြည့်​လိုက်​သည်
ငယ်​ရွယ်​​သောလည်း တည်​ငြိမ်​​သောမျက်​နှာ​ကြောင့်​ မိမိ၏ တဏှာရူးဟု ​ခေါ်မိတာကိုပင်​ ​နောင်​တရချင်​သလိုဖြစ်​​နေသည်
 ပြီး​တော့ သူ့ကိုကြည့်​ရသည်​မှာ တကယ့်​​တောသားတစ်​​ယောက်​ပုံစံပင်​ဖြစ်​​လေသည်​ အဝတ်​အစားမှာလဲ သပ်​သပ်​ရပ်​ရပ်​ မရှိ​ချေ..
တကယ့်​ပင်​ သနားစရာပင်​..(မိန်းမဆိုသည်​မှာကား)
"  ရှင်​က ဘယ်​လိုလုပ်​ မြို့​ပေါ်​ရောက်​လာတာလဲ..
 "ကျုပ်​က"..စန်​မင်းက မိုးထိ​တောင်​က ဟု​ပြောမယ်​ပြင်​ပြီးမှ..
 လူတိုင်းအယုံမလွယ်​ရဟု​သော အဖိုး၏ စကားကို မှတ်​ထားသဖြင့်​..
"ကျုပ်​ ​တောက​နေ သား​ကောင်​ လာ​ရောင်းတာပါဟု" ညာလိုက်​​လေသည်​။
      ပင်းရွယ်​ က ​ခေါင်းငြိမ့်​ပြလိုက်​သည်​ ​တောမှလာကာ သား​ကောင်​ ​ရောင်းသူများအား ​သူမ ​တွေ့သည်​မဟုတ်​ပါလား..။
   ဟုတ်​ပါပြီရှင်​ရယ်​..
ကျွန်​မနာမည်​ မှတ်​ထားအုံး "​ရှောင်​ပင်းရွယ်​"တဲ့
ဒါနဲ့ ရှင်​နာမည်​​က​ရော..  
 "ကျုပ်​နာမည်​ ကျန်းစန်​မင်း ပါ"
တိုက်​ဆိုင်​လှ​ပေ၏ ..​ရှောင်းပင်းရွယ်​" ထွက်​မ​ပြေးနဲ့ ဟု​သော အသံကား​ပေါ်ထွက်​လာ​လေသည်​။
No comments:
Post a Comment
နေမင်းသခင်နှင့်သေမင်းဧကရာဇ် (အပိုင်း ၁၃)
နေမင်းသခင်​နှင့်​ ​သေမင်းဧကရာဇ်​ အပိုင်း ၁၃ စာ​ရေးသူ သန်​ဇင်​ထွန်း ​ကျောက်​စိမ်းနန်း​တော်​နှင့်​ အတိတ်​မှအမည်းစက်​များ... ​​ကျေ...