နေမင်းသခင်နှင့် သေမင်းဧကရာဇ် အပိုင်း ၁၃
စာရေးသူ သန်ဇင်ထွန်း
ကျောက်စိမ်းနန်းတော်နှင့် အတိတ်မှအမည်းစက်များ...
ကျောက်စိမ်းနန်းတော်...
ကျောက်စိမ်းခန်းမထဲတွင် အဘိုးအိုတစ်ဦးက
ခန်းမအပြင်ဘက်သို့ ရီဝေမျက်လုံးများဖြင့်ငေးမောနေလေသည်။
အတိတ်....
လူသားတိုင်း အတိတ်ရှိကြပေသည်
သူ၏အတိတ်၌
သေမင်းတမာန် ညာလက်ရုံး"ဂန်ကျင်း"ဟုသော ဘွဲ့တစ်ခုရှိခဲ့လေသည် သခင်ဖြစ်သူ
မုယုံကျဲ ၏ လက်အောက်တွင်တာဝန်များထမ်းဆောင်ရင်း အဖြူရောင်သိုင်းလောက ၏အသက်ပေါင်းများစွာ ခြွေဖူးခဲ့သူဖြစ်ခဲ့သည်။
မုယုံကျဲ လက်အောင်တွင် ဘယ်လက်ရုံး ညာလက်ရုံးရှိဆို၍ လက်ရုံးနှစ်ဆူရှိခဲ့သောကြောင့်
မုယုံကျဲ ပျောက်ကွယ်သွားချိန်တွင် သေမင်းဧကရာဇ် သိုင်းကျမ်းနှင့် သေမင်းအဖျက်သိုင်းကျမ်းဟုသော မိစ္ဆာသိုင်းကျမ်းနှစ်ဆူအား
ခွဲဝေယူခဲ့လေသည်
သေမင်းဧကရာဇ်သိုင်းကျမ်းအား ဘယ်လက်ရုံးယူဆောင်သွားခဲ့သည်..သူ့ စီတွင်
သေမင်းအဖျက်သိုင်းကျမ်းသာကျန်ခဲ့လေ၏
ထိုကြောင့် သေမင်းအဖျက်သိုင်းကျမ်းအား
တတ်မြှောက်အောင်သင်ယူပြီး ကျောက်စိမ်းနန်းတော် ထူထောင်ကာဇာတ်မြုတ်နေခဲ့ခြင်းပင်
ယခုအချိန်တွင် သေမင်းဧကရာဇ်သိုင်းကျမ်းကား ပေါ်ထွက်လာချေပြီ....သိုင်းလောက၌
သေမင်းဧကရာဇ်သိုင်းအားချေဖျက်နိုင်သော
သိုင်းမှာ သေမင်းအဖျက်သိုင်းသာ ရှိလေသည်
မိမိ၏ အမှားများအားဆေးကြောရန်အခွင့်အရေး ရှိနေပြီဖြစ်လေသည်
သို့သော် သေတူရှင်မကွာ လက်တွဲဖူးခဲ့သော
ဘယ်လက်ရုံးနှင့် တိုက်ခိုက်ရမည့်ဖြစ်သောကြောင့် ဝန်လေးနေမိပြန်လေသည်....
...
ဂန်ကျင်း..က လေးပင်းစွာ သက်ပြင်းချပြီနောက်..ကိုယ်ရံတော် တစ်ဦးအား ခေါ်လိုက်ပြီး
စကားလုံးတစ်ချို့ ပြောလိုက်လေသည်..
ကိုယ်ရံတော်က ..ဂန်ကျင်းစကားဆုံးသည်နှင့် ဂန်ကျင်းအား အရိုအသေပြုကာ နန်းတော်အပြင်ဘက်သို့ ပြေးလွှားထွက်ခွာသွားလေတော့သည်..
ဂန်ကျင်းပြောလိုက်သည်ကား....
စုချင်လျှံ အား ပြန်ခေါ်ခိုင်းလိုက်ခြင်းဖြစ်လေသည်
ဟုတ်ပေသည်..
သူ၏ အကြီးအကဲ တစ်အား သိုင်းလောကထဲဆင်း၍ သဏ္ဍာန်မဲ့မြွေကို ရှာခိုင်းလိုက်ရာတွင်
သမီးဖြစ်သူ စုချင်လျှံ ကအတွေ့အကြုံရအောင်
လိုက်ချင်သည်ဟု အတင်းအကျပ်ပူဆာသဖြင့်
ထည့်ပေးလိုက်ရခြင်းဖြစ်ပေသည်....
.................
သေမင်းတမာန် ဂိုဏ်း၏ ယခုဂိုဏ်းချုပ်မှာ
တုန်ပုလောက်ပင်ဖြစ်ချေ၏..
တုန်ပုလောက်ရှေ့တွင် ဂိုဏ်းသားတစ်ဦးမှ သခင်လေးနဲ့ ရုပ်ချင်းဆင်တဲ့ ကောင်လေးတစ်ယောက် ထွက်ပေါ်လာပါတယ်
သူ့နာမည်က နေမင်းသခင်လို့လဲ သိရပါတယ်
သူနဲ့အတူ ရှောင်ဧကရီ ရဲ့ သမီး ရှောင်ပင်းရွယ် လဲ အတူတူရှိနေပါတယ်....
တုန်ပုလောက်က ဂိုဏ်းသားတင်ပြသော သတင်းအချက်များကို နားထောင်ကာ ခေါင်းငြိမ့်ပြပြီး.....ထွက်သွားခိုင်းလိုက်သည်..
...................................
သိုင်းလောက သည်ကား
ငြိမ်သက်လေသည် ထိုသည်ကားမုန်တိုင်းမလာခင် ငြိမ်သက်ခြင်းမျိုးဖြစ်ကြောင်း သိုင်းလောကသားတိုင်း သိကြလေသည်..
အဘယ်ကြောင့် ဆိုသော် သေမင်းတမာန် ဂိုဏ်းသည်ကား ပြန်လည်ပေါ်ထွက်လာပြီး
ဒုစရိုက်ဂိုဏ်းငယ်များအား သိမ်းသွင်းနေလေပြီ
များမကြာမှီသော အချိန်များတွင် သိုင်းလောကကြီးတွင် သွေးချောင်းစီးကြရမည်လော သို့လော သို့လော မေးခွန်းများအား ဖြေဆိုရန်အတွက် သိုင်းဂိုဏ်းကြီးများ ဖြစ်သော ရှောင်လင် ဝူတန်း ခွန်းလွန်း ဝါးဆန်း အော့မေ ဂိုဏ်းမှ ဂိုဏ်းချုပ်ကြီးများကား အစည်းအဝေး ပြုလုပ်နေကြလေတော့သည်